Print

ဦးရေပြား သန့်စင်ပေးသည့် သဘာဝ Scrub ပြုလုပ်နည်း

  11-May-2026
Preview Image

ဦးရေပြား သန့်စင်ပေးသည့် သဘာဝ Scrub ပြုလုပ်နည်း

++++++++++++++++++++++++++++++

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာ ရရှိဖို့အတွက် ဦးရေပြားမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။

•  လိုအပ်သောပစ္စည်းများ: သကြားညို (Brown Sugar) ထမင်းစားဇွန်း ၂ ဇွန်း၊ အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ ထမင်းစားဇွန်း ၂ ဇွန်း။

•  ပြုလုပ်ပုံ: ပါဝင်ပစ္စည်း နှစ်မျိုးကို သေချာစွာ ရောမွှေပါ။ ခေါင်းမလျှော်ခင် ဦးရေပြားပေါ်တွင် အသာအယာ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပြီး ၅ မိနစ်ခန့် ထားပါ။ ပြီးနောက် ပုံမှန်အတိုင်း ခေါင်းလျှော်ရည်ဖြင့် လျှော်ချပါ။

•  အကျိုးကျေးဇူး: ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေကာ ဆံပင်အသစ် ထွက်နှုန်းကို မြှင့်တင်ပေးပါတယ်။

Dr. Hazel

#DIY



Related Articles


Advertisment 18